မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်)ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2026 Crop) ကျပ် ၃၀၅၉၀၀၀၊ မတ်ပဲ SQ/RC (2026 Crop) ကျပ် ၃၃၇၉၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2026 Crop) ကျပ် ၃၁၁၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း မတ်ပဲ FAQ/RC (2026 Crop)ကျပ် ၃၀၀၀ မတ်ပဲ SQ/RC (2026 Crop)မှာ ကျပ် ၃၀၀၀ နှင့် ပဲစင်းငုံ Red/ RC (2026 Crop) ကျပ် ၂၈၀၀၀ အသီးသီးဈေး မြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2026 Crop) ကွန်တိန်နာ ၇၀ လုံး (တန်ချိန် ၁၆၈၀) နှင့် ပဲစင်းငုံ Red/ RC(2026 Crop) ကွန်တိန်နာ ၅၀ လုံး (တန်ချိန် ၁၂၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2026 Crop) ကွန်တိန်နာ ၈၀ လုံး (တန်ချိန် ၁၉၂၀) နှင့် ပဲစင်းငုံ Red/ RC (2026 Crop) ကွန်တိန်နာ ၆၀ လုံး (တန်ချိန် ၁၄၄၀) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2026 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) နှင့် ပဲစင်းငုံ Red/ RC (2026 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၁၃၀၀၀၊ မြားနီ(သစ်) ကျပ် ၁၅၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၃၂၀၀၀ ၊ ဟင်္သာတမိုးထောင် ကျပ် ၁၂၅၀၀ နှင့် မြစ်ဝ(ပု) ကျပ် ၂၇၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ဆင်ဖြူကျွန်း (ပု) ကျပ် ၁၀၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုတ် များဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည်အိတ်ပေါင်း ၅၃၀၀ (၁၀၆၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၁၀ (၄၆၅၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၄၂၀၀ (၈၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၇၀ (၂၅၅၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၁၁၀၀ (၂၂၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၄၀ (၂၁၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့် ကပ်(သစ်) ကျပ် ၅၀၀၀ နှင့် မန်ကျည်းအသား(သစ်) ကျပ် ၇၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း မန်ကျည်းသီး ပွင့်ကပ်(သစ်) ကျပ် ၂၀၀ နှင့် မန်ကျည်းအသား(သစ်) ကျပ် ၃၀၀ ဈေးကျ ဆင်းခဲ့သည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာ နှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၆၂၀၀၊ ပခုက္ကူ ကြမ်း (သစ်)ကျပ် ၄၅၀၀၊ ကြံသကာ ကျပ် ၄၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၂၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး